Category Archives: Internship Program

ကွန်ပျူတာတက္ကသိုလ်(မန္တလေး) ၂၀၁၇-၂၀၁၈ ပညာသင်နှစ် နောက်ဆုံးနှစ်ကျောင်းသား/သူများ၏ On Demand Internship Programဖွင့်ပွဲ အခမ်းအနား

IMG_1824

ကွန်ပျူတာတက္ကသိုလ်(မန္တလေး) စုဝေးခန်းမတွင် (၁၄.၅.၂၀၁၈)ရက်နေ့ နံနက် (၁၀း၀၀)နာရီ၌ On Demand Internship Program ဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ်ဆရာကြီး ဦးကျော်စွာစိုး၊ TIIDE( Technology Internship & Industry Development Enterprise) အဖွဲ့ မှ ဒါရိုက်တာများ၊ ကွန်ပျူတာတက္ကသိုလ် (မန္တလေး)မှ ဆရာ/မများ၊ နောက်ဆုံးနှစ် ကွန်ပျူတာသိပ္ပံနှင့်နည်းပညာ ကျောင်းသား/သူများ တက်ရောက်ခဲ့ပါသည်။

ပါမောက္ခချုပ်ဆရာကြီး ဦးကျော်စွာစိုးမှ အဖွင့်မှာစကားပြောကြားခဲ့ပြီး၊  TIIDEအဖွဲ့ ဒါရိုက်တာတစ်ဦးချင်းစီမှ ကျောင်းသား/သူများနှင့်မိတ်ဆက်စကားပြောကြားပြီး ဖွင့်ပွဲ အခမ်း အနားကို ရုတ်သိမ်းခဲ့ပါသည်။ မွန်းလွဲပိုင်းတွင် ဒါရိုက်တာများမှ Supervisor များနှင့် ကျောင်းသား/သူများကို အဖွဲ့အလိုက်လုပ်ဆောင်ရမည့် Program များနှင့်ပတ်သက်၍ စတင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ကွန်ပျူတာတက္ကသိုလ်(မန္တလေး)တွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ နောက်ဆုံးနှစ် ကွန်ပျူတာသိပ္ပံနှင့်နည်းပညာကျောင်းသား/သူ စုစုပေါင်း(၃၇၂)ဦးနှင့် ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား)မှ (၇)ဦးဖြင့် On Demand Internship Program ဆောင်ရွက်ရန်အတွက် ကျောင်းသား/သူ (၆၂)ဖွဲ့ ကို Supervisor ဆရာ/မ(၄၃)ဦးတို့မှ အနီးကပ်ကြီးကြပ်ပြီး  TIIDE( Technology Internship & Industry Development Enterprise)အဖွဲ့မှ ဒါရိုက်တာ(၅)ဦးဖြစ်သော

၁။ ဦးအေးကျော်လှိုင် (CEO, Vision2Motion Co.,Ltd)

၂။ ဦးထူးမြင့်နောင်  (CEO, Technomation Co.,Ltd)

၃။ ဦးRavi Chhabra (CEO, Geo Mandalar Co.,Ltd)

၎။ ဦးသာထက် (CEO, Zwenexsys Int’l Ltd)

၅။ ဦးရဲသူရထက်(CEO, Kernellix Co.,Ltd) တို့ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

အဆိုပါအစီအစဉ်သည် (၁၄.၅.၂၀၁၈)မှ (၁၂.၈.၂၀၁၈)ထိ (၁၃)ပတ်ကြာမြင့်မည်ဖြစ် ပြီး ဒါရိုက်တာ(၅)ဦးမှ ကျောင်းသား/သူများကို ဆောင်ရွက်ရမည့် အစီအစဉ်များ သတ်မှတ် ပေးမည် ဖြစ်ပါသည်။ ဒါရိုက်တာများသည် ကျောင်းသို့ ၎င်းတို့၏ အစီအစဉ်အတိုင်း သတ် မှတ်ရက်များတွင် လာရောက်မည် ဖြစ်ပါသည်။

IMG_1836IMG_1840IMG_1826