၁၀၅ နှစ်ပြည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဂုဏ်ပြုကြိုဆိုခြင်း
ဗိုလ်ချုပ်အောင်ဆန်း ၏ ၁၀၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်
၁၃.၂.၂၀၂၀
ကျွန်ုပ်တို့၏ လွတ်လပ်ရေးဖခင်ကြီး သခင်အောင်ဆန်း (ခ) ဗိုလ်အောင်ဆန်း (ခ) ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၅နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်ပွဲကို ကွန်ပျူတာတက္ကသိုလ်(မန္တလေး)တွင် ကျင်းပခဲ့ပါသည်။ ကျောင်းသား/ကျောင်းသူများမှ ဗိုလ်ချုပ်၏ အမှတ်တရစကားများ၊ အမှတ်တရဓါတ်ပုံများ၊ ဗိုလ်ချုပ်စိတ်ဓါတ်တေးသီချင်းများဖြင့် ပြန်လည်အောက်မေ့ သတိရမိရန် ဖော်ကျူးထားပါသည်။ ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် ကဗျာပြိုင်ပွဲများလည်း ထည့်သွင်း ကျင်းပခဲ့ပါသည်။ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား ၁၀၅ နှစ်ပြည့် ဗိုလ်ချုပ်မွေးနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့ နံနက်ပိုင်း တွင် ပဲပြုတ်နှင့်နံပြား၊ ကော်ဖီများဖြင့် စတုဒီသာ ကျွေးမွေးခဲ့ပါသည်။