About Us

ဖွဲ့စည်းတည်ဆောက်ခဲ့သည့်ခုနှစ်၊သမိုင်းကြောင်း

ကွန်ပျူတာတက္ကသိုလ်(မန္တလေး)သည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်၊ တအုံကျေးရွာအနီးတွင် တည်ရှိပါသည်။ ရန်ကုန်-မန္တလေးအဝေးပြေး လမ်းမကြီးမှ(၂)မိုင်(၆)ဖာလုံ ကွာဝေးပါသည်။  စုစုပေါင်းဧရိယာ အကျယ်အဝန်းမှာ (၁၄၃.၁၈)ဧကရှိပါသည်။

            ကွန်ပျူတာတက္ကသိုလ်(မန္တလေး)ကို ၂၀၀၂ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက် နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ အဆောက်အဦ အမျိုးအစားမှာ သံကူကွန်ကရစ် (၃)ထပ်အဆောက်အဦဖြစ်ပြီး၊ (၇-၇-၂၀၀၃)တွင် ကွန်ကရစ်လောင်းခြင်း လုပ်ငန်းစတင်ခဲ့ပါသည်။ အဆောက်အဦမှာအလျား(၅၆၉)ပေ၊ အနံ(၃၁၃)ပေ ရှိပြီး၊ ကြမ်းခင်းဧရိယာစုစုပေါင်းမှာ (၁၄၄၅၆၇)စတုရန်းပေရှိသော U ပုံစံ အဆောက်အဦဖြစ်ပါသည်။ တစ်ထပ်လျှင်(၁၄)ပေအမြင့်ရှိပြီး၊ စုစုပေါင်း အမြင့်မှာ(၅၆)ပေ(၆)လက်မ ရှိပါသည်။ ၎င်းအဆောက်အဦတွင် ပေ(၄၀×၃၀) ရှိသောအခန်းပေါင်း(၄၈)ခန်းပါရှိပါသည်။

ကွန်ပျူတာတက္ကသိုလ်(မန္တလေး) ပင်မဆောင်တည်ဆောက်ရေး စီမံကိန်းအား နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်အရ ၂၀၀၃ခုနှစ်၊ မေလမှစ၍ မြေနေရာ‌ရှင်းလင်းခြင်း၊ ပစ္စည်းစုဆောင်းခြင်းများ စတင်ပြုလုပ် ခဲ့ပါသည်။ (၂၇-၆-၂၀၀၃)ရက်နေ့တွင် ပန္နက်တင်မင်္ဂလာ ပြုလုပ်ခဲ့ပြီး           (၁-၇-၂၀၀၃)ရက်နေ့တွင် စက်အင်အား၊ လူအင်အားတို့ဖြင့် မြေတူးခြင်း  လုပ်ငန်းကို စတင်ခဲ့ပြီး နောင်တုံ ဆောက်လုပ်ရေးကုမ္ပဏီမှ တာ၀န်ယူတည် ဆောက်ခဲ့ပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌရုံး၏ ၂၀၀၇ခုနှစ်၊ ဇန်နဝါရီလ(၁၉)ရက် နေ့စွဲပါစာအမှတ်၊ ၀၁/နယက(ဥ)/ စ၀-၁အရ၊ အစိုးရကွန်ပျူတာကောလိပ်မှ ကွန်ပျူတာတက္ကသိုလ်(မန္တလေး) အဆင့်သို့ ၂၀၀၇ခုနှစ်၊ ဇန်နဝါရီ (၂၀)ရက်နေ့မှ စတင်တိုးမြှင့်ခဲ့ပါသည်။

Foundation Date and History

The University of Computer Studies (Mandalay) is located near Taoh Village in Sintkaing Township, Kyaukse District, Mandalay Region. It is (2.6) Miles for from Yangon-Mandalay High Way Road. The total area of the university is (143.18) acres.

It was opened in 2nd February, 2002. It is a three-storeyed concrete building and started building made of concrete in 7 July, 2003. This building is 569 feet long and 313 feet. Each storey is 14 feet hight and totally 56 feet and 6 inches high. This building has 48 rooms and each room is (40 ✕ 30 ) feet wide.

According to the instruction of Government Authority, the University of Computer Studies started its construction site cleaning and collecting building materials in May, 2003. NaungTong Construction Computer constructed with machine and labour force in 1st July, 2003. The University of Computer Studies was upgraded from Government Computer College to the University of Computer Studies in 20 January, 2007 according to the date of 19 January, 2007 reference number 01/NYK (U)/Swa-1, the office of Chairman of the state Peace and Develoment Council.

ကျောင်း၏ Layout Plan

(က) Building Layout Plan

ကျောင်း၏ Layout Plan

(ခ) Google Map Plan

ရည်ရွယ်ချက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား သတင်းအချက်အလက် နည်းပညာဖြင့် ခေတ်မီ ဖွံ့ဖြိုတိုးတက်သော နိုင်ငံတော် အဖြစ်သို့ ရောက်ရှိစေရန် အတွက် လိုအပ်သော သတင်းအချက်အလက် နည်းပညာရှင်များ မွေးထုတ် ပေးခြင်း၊ နည်းပညာသစ်များ စမ်းသပ်တီထွင်နိုင်ရန်နှင့် လက်တွေ့အသုံးချ နိုင်ရန် သင်ကြားပေးခြင်းဖြင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သော သတင်း အချက်အလက်နှင့် နည်းပညာရပ်များဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပါသည်။

Goal

The University of Computer Studies intend the Republic of the Union of Myanmar to be a developed nation with information technology and catch up with International by teaching and training how to innovate modern Technology, how to apply it and by producing technicians.

ပါမောက္ခချုပ်/ ဒုတိယပါမောက္ခချုပ်/ ကျောင်းအုပ်ကြီး

ကွန်ပျူတာတက္ကသိုလ်(မန္တလေး)၏ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ တည်ဆောက်ရေးနှင့် လုံခြုံရေးတာဝန်များအား ဒေါက်တာစန်းစန်းတင့် (ဒုတိယပါမောက္ခချုပ်)မှ တာဝန်ယူဆောင်ရွက်လျှက်ရှိပါသည်။

Rector/ Pro-Rector / Principal

Pro-Rector Dr. San San Tint held responsible for this University’s administration, construction and security.

ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော ဘာသာရပ်သင်တန်းများ

ကွန်ပျူတာတက္ကသိုလ်(မန္တလေး)၏ ၂၀၂၀-၂၀၂၁ခု ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြား ပေးလျှက်ရှိသော သင်တန်းများမှာ အောက်ဖော်ပြပါ အတိုင်းဖြစ်ပါသည်-

စဉ်

ဘာသာရပ်

၁။

ကွန်ပျူတာသိပ္ပံ

၂။

ကွန်ပျူတာနည်းပညာ

Opening Training Subjects

Academic training of 2020-2021 academic year of the University of Computer Studies are following.

No.

Subject

1.

Computer Science

2.

Computer Technology

ပေးအပ်သောဘွဲ့နှင့်သင်တန်းကာလ

စဉ် ဘာသာရပ် ပေးအပ်သောဘွဲ့ သင်တန်းကာလ
၁။ ကွန်ပျူတာသိပ္ပံ ကွန်ပျူတာသိပ္ပံဘွဲ့ (B.C.Sc) (၅)နှစ်
၂။ ကွန်ပျူတာနည်းပညာ ကွန်ပျူတာနည်းပညာဘွဲ့ (B.C.Tech) (၅)နှစ်
၃။ မဟာကွန်ပျူတာသိပ္ပံ မဟာကွန်ပျူတာသိပ္ပံဘွဲ့ (M.C.Sc) (၂)နှစ်
၄။ မဟာကွန်ပျူတာနည်းပညာ မဟာကွန်ပျူတာနည်းပညာဘွဲ့ (M.C.Tech) (၂)နှစ်

Offering Degree and Academic Period

No. Subject Degree Period
1 Computer Science B.C.Sc. 5years
2 Computer Technology B.C.Tech. 5years
3 Master of Computer Science M.C.Sc. 2years
4 Master of Computer Technology M.C.Tech. 2years

နှစ်အလိုက် မွေးထုတ်အင်အားစာရင်း

စဉ် ပညာသင်နှစ် ရိုးရိုး ဘွဲ့ မဟာ ဘွဲ့ ပါရဂူ ဘွဲ့ ဘွဲ့လွန် ဒီပလိုမာ ဘွဲ့ကြို ဒီပလိုမာ
၁။ ၂၀၀၃-၂၀၀၄ ၅၇၁ ၂၄
၂။ ၂၀၀၄ ၃၁၀ ၁၂
၃။ ၂၀၀၄-၂၀၀၅ ၃၇၄
၄။ ၂၀၀၅ ၆၆၄ ၁၇
၅။ ၂၀၀၅-၂၀၀၆ ၉၇၀ ၂၁
၆။ ၂၀၀၆-၂၀၀၇ ၇၇၃ ၆၁
၇။ ၂၀၀၇-၂၀၀၈ ၄၃၆
၈။ ၂၀၀၈-၂၀၀၉ ၄၅၃ ၁၅၄
၉။ ၂၀၀၉-၂၀၁၀ ၄၁၄ ၈၀
၁၀။ ၂၀၁၀-၂၀၁၁ ၃၄၀ ၇၀
၁၁။ ၂၀၁၁-၂၀၁၂ ၂၂၃ ၂၀
၁၂။ ၂၀၁၂-၂၀၁၃ ၂၅၉
၁၃။ ၂၀၁၃-၂၀၁၄ ၄၃
၁၄။ ၂၀၁၄-၂၀၁၅ ၂၂၂
၁၅။ ၂၀၁၅-၂၀၁၆
၁၆။ ၂၀၁၆-၂၀၁၇ ၃၄၆
၁၇။ ၂၀၁၇-၂၀၁၈ ၃၈၂
၁၈။ ၂၀၁၈-၂၀၁၉ ၂၅၁
၁၉။ ၂၀၁၉-၂၀၂၀

မှတ်တမ်းဓာတ်ပုံများ

ပင်မစာသင်ဆောင်

အလုပ်ရုံ

ဝန်ထမ်းအိမ်ရာ

ကျောင်သား/ ကျောင်းသူဆောင်